သဘာဝ ပျားရည် နှင့် ပျားအုံများ ဝယ်ယူ ရရှိနိူင်ပါပြီနော်....

🌿☘ သဘာဝပျားရည်လည်း 🐝🍯 စစ်ရမယ်။
 💷စျေးနှုန်းလည်း သင့်တင့်ရမယ်။
😊 သုံးကြည့်ပြီးတဲ့အခါလည်း 💛
 စိတ်ကျေနပ်မှုဖြစ်ချင်ရင်...👉

🐝🍯
Jasmine  Honey - ဂျက်စ်မင် သဘာဝ ပျားရည်   

မှာ ပျားရည်  စစ်စစ်နဲ့ 
ပျားအုံပျားသလက်များစွာကို
လူကြီးမင်တို့ စိတ်တိုင်းကျ 
မှာယူနိူင်ပြီနော်..👍

🔘 ရရှိနိူင်သော အမျိုးစားများ 🔘

🏷 သဘာဝ ပျားကြီးအုံ

🏷 သဘာဝ ပျားလေးအုံ
🏷 သဘာဝ ပျားရည် 

🛎 💌 ပျားဖွတ်ချိန်က ရာသီအလိုက် ဖြစ်တာမို့ ပျားအုံများ မကုန်ခင် ဝယ်ယူဖို့ လိုပါတယ်နော်...😍

chat box 💬 မှ တဆင့်ဖြစ်စေ 
အောက်ပါ ဖုန်းနံပတ်များမှဖြစ်စေ 
ဆက်သွယ် ၀ယ်ယူနိူင်ပါတယ်...🤙

🚙 🛒  ရန်ကုန်မြို့ရှိ မြို့နယ်များသို့ ပုံမှန် နှုန်းထားဖြင့် အိမ်တိုင်ရာရောက်စနစ်နှင့် ပို့ဆောင်ပေးပြီး မန်းလေးမြို့တွင်း ကားဂိတ်နှင့် အခြားမြို့များသို့ ကားဂိတ်ချ ပို့ဆောင်ပေးပါတယ်...🐝

 Calling to...✆ 
09 958 433 996
09 751 651 414

#ပျားရည်#သဘာဝပျားရည်#တောပျားရည်#ပျား#ပျားအုံ 
#honey#bee#natural bee honey
#pure honey

မနက်​ဖြန်

အဗ္ဗဒွလ် ကလာမ်

အသင်ကောင်းတာပဲလုပ်လုပ်
မကောင်းတာပဲလုပ်လုပ်
လူတွေရဲ့ထံမှာ အမြဲတမ်း ဆန့်ကျင်ဘက်ပြောဖို့ တစ်ချို်အရာတွေ ရှိနေလိမ့်မယ်...

အခြားသူတွေကို အမြဲ အကောင်းပြုနေသမျှ
ဒါဟာ အရေးကြီးမပါ...


ကရုဏာ မုသား







ဒီအဖြစ်အပျက်သည် ကျွန်တော့် ၏ ဘ၀ အစပင်။အလွန်အင်မတန် ဆင်းရဲကျပ်တည်းသော မိသားစု တွင် တစ်ဦးတည်းသော သားအဖြစ် အစာရေဆာ မလောက်မငှနှင့် ဘ၀ကို အစပျိုးခဲ့သည်။ အမေနဲ့သား မိသားစု ထမင်း၀ိုင်းလေး တွင် အနည်းငယ်သော ထမင်းဖြူသာ ရှိခဲ့သည်။တောက်လောင် နေသော ၀မ်းမီး ကို ငြိမ်းသက်ရန် ပန်ကန်ထဲရှိထမင်းဖြူလေး ကိုအလျှင်အမြန် အဆုံးသတ်လိုက်သည်။ထိုအခါ အမေက သူမ ပန်းကန် ထဲရှိ မစားဘဲ အချိန်ဆွဲထားသော ထမင်းဖြူကို ကျွန်တော့်ပန်းကန် ထဲ လောင်းထည့်ကာ ((သားပဲ အကုန်စားလိုက်တော့ အမေ မဆာသေးဘူး))

၁။ (အမေ့ ၏ ပထမဆုံး ဂရုဏာ မုသားပင်)

ကျွန်တော် အရွယ်နည်းနည်း ကြီးပြင်းလာသောအခါ အမေ့ မှာ အိမ်မှု ကိစ္စ ဗာဟီရ တို့ဖြင့် မအားလပ်နိုင် ပေ။သားဖြစ်သူ မြိန်ရေရှက်ရေ စားသောက်နိုင်ရန် အတွက် အိမ်နံဘေး

ရှိ မြစ်ချောင်းသို့ ဆင်းကာ တံငါ အမှုကို ပြုရသည်။တနေ့ အမေ ငါးနှစ်ကောင် ရလာတော့ အိမ်သို့ ပြေးလာခါ သားဖြစ်သူ အတွက် အလျှင်အမြန် ချက်ပြုတ်လေသည်။

ထမင်း၀ိုင်း စလေပြီး။အရှေ့တွင် ချထားသော ငါးနှစ်ကောင် အနက် တစ်ကောင်ကို ကျွန်တော်မြိန်ရေ ရှက်ရေ စားသုံးနေလေပြီး။အမေ သည် ဆူးနဲ.အရိုး ကြားတွင် ရှိနေသာ အသားအနည်းငယ် ကို သာ ကုပ်ချစ် ၍ စားနေလေသည်။ ကျွန်တော့် ရင်ထဲမကောင်းနိုင်တော့ပါ။ကျန်ရှိနေသော ငါးတစ်ကောင်ကို ယူပြီး အမေ့အရှေ့ချပေးမိသည်။ ချက်ချင်းပင် အမေက ငါးကို ကျွန်တော့် အရှေ့ပြန်ချပေးပြီး ပြောလေသည်။((ဒီငါးကိုလည်းသားပဲ စားလိုက်ပါ။သားမသိဘူးလား ? အမေ ငါးမကြိုက်ဘူးဆိုတာ))

၂။(အမေ့၏ ဒုတိယ ဂရုဏာမုသားပင်)



ကျွန်တော် ကျောင်းနေအရွယ်ရောက်လာသော အခါ ကျောင်းအပ်ရန်ပင် စရိတ်မတတ်နိုင်ခဲ့ပေ။ အမေ အမေ သည် ဈေးထဲရှိ အထည်ဆိုင် တစ်ဆိုင် သို့သွားကာ အိမ်တကာလှည့်ရောင်းသော အထည်ထမ်းသမား ကူလီ အဖြစ်အလုပ်လုပ်ရလေသည်။အရိုးကွဲမတတ် အေးခဲနေသော ဆောင်းတစ်ညတွင် အမေ အိမ်ပြန် နောက်ကျနေသဖြင့် ကျွန်တော် စိတ်ပူကာ လမ်းခြို လမ်းခြား ထွက်ရှာပါတော့သည်။ တွေ့လေပြီး။ အထုပ် တွေမနိုင်မနင်း ထမ်းပြီး အိမ်တကာ တံခါးခေါက် ဈေးရောင်းနေသော အမေ့ကိုတွေ့လေပြီး။ အမေရေ အမေလို့ ကျွန်တော် ခေါ်ကာ အမေ့ကို ပြောပါတော့သည်။((အမေ လာ ပြန်ကြရအောင်။အရမ်း မိုးချုပ်နေပြီး အမေ ။ဒီလောက် အေးနေတာ အမေရယ်။မနက်မှ ဆက်လုပ်ပါနော်)) ထိုအခါ အမေက ((အမေ မမောသေးပါဘူး သားရယ်))

၃။(အမေ့၏ တတိယ ဂရုဏာမုသားပင်)



စာမေးပွဲကြီးဖြေဆိုရန် အချိန်အခါ ရောက်လို့လာပါပြီး။သားနှင့်အတူ အမေကျောင်းသို့လိုက်လာခဲ့သည်။ ကျွန်တော် စာမေးပွဲအခန်းအတွင်း ၀င်တော့ အမေ သည် ပြင်းပြင်းပူသော နေရောင် အောက် တွင် ချွေးတလိပ်လိပ် ဖြင့် ရပ်စောင့်၍ နေလေသည်။စာမေးပွဲဖြေ ဆို ပြီး၍ ကျွန်တော် ထွက်လာတော့

ရေခွက်တစ်ခွက် ကိုကိုင်ကာ အောင်ပွဲပြန် ကြိုဆိုသကဲ့သို့ ဖြောင်းဖြောင်းဖျဖျ အမေ ကြိုဆိုနေသည်။ အမေဖြစ်သူ၏ ကမ်းလင့်ကြိုဆိုသော ရေခွက်ကို တစ်ကျိုက် မော့သောက်ပြီး အမေ့၏ မေတ္တာအားမာန် ကြောင့် ရင်ထဲတွင် အေးမြလာ၍ ငြိမ်းချမ်း မှုအပေါင်း ဖြင့်ပြည့်သွားပေသည်။ရုတ်တရက် အမေ့မျက်နှာပေါ်တွင် တွဲခိုနေသော ချွေးသီး ချွေးပေါက် ကိုမြင် ပြီး ချက်ချင်းပင် အမေ့ထံ ခွက်ကမ်းကာ အမေ ရေသောက်လိုက်ပါအုံး ဟု ဆိုတော့ အမေက ((အမေ့သားလေး သားပဲသောက်ပါ။အမေ ရေမဆာဘူး))

၄။(အမေ့၏စတုတၳဂရုဏာမုသားပင်)

အဖေဆုံးပါးပြီးနောက် မုဆိုးမအဖြစ် ဘ၀ကို အမေကြမ်းကြမ်းတမ်းတမ်းရုန်းကန်ခဲ့ရသည်။မိသားစုတာ၀န်၊ တာ၀န် ပေါင်းများစွာတို့သည် အမေ့ခေါင်းပေါ်သို့ကျလာခဲ့သည်။အခက်အခဲ အကျပ်အတည်းများစွာဖြင့် မိသားစု ကိုဦးဆောင်ရသည်။အနီးအနားတွင် နေထိုင်သော ကျွန်တော့်ဦးလေးဖြစ်သူလည်း သူတတ်စွမ်းသလောက် စားစရာ ကူညီထောက်ပံ့ပေးသည်။ တနေ့တခြား ဆင်းရဲကျပ်တည်းပြီးအခြေအနေ ဆိုးသထက် ဆိုးဝါးလာနေသည် ကို အိမ်နီးနားချင်းများ မြင်တော့ အမေ့ကိုနားချကြသည်။

((အရွယ်လည်း ငယ်သေးတာပဲ ၊ပိုက်ဆံရှိတဲ့လူတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်ပါလား?))ထိုအခါ အမေက ((ကျွန်မ အတွက် အချစ်တွေ မလိုတော့ပါဘူး))

၅။(အမေ့၏ ပဉ္စမ ဂရုဏာမုသားပင်)

ကျွန်တော်ဘွဲ့ရပြီး အလုပ်ကောင်းတခုရလေရာ မိသားစုတာ၀န် တွေ ကိုပုခုံးပြောင်းယူပြီး အမေ့ကိုပြုစုစောင့်ရှောက်ရန် ဆုံးဖြတ်လိုက်သည်။အမေသည် အရင်လို အရပ်တကာလှည့်ပြီးဈေးရောင်းနိုင်လောက်အောင်လည်း ကျန်းမာရေး မကောင်းတော့ရာ မနက်စောစောဈေးတွင်သာ ဟင်းသီးဟင်းရွက်များ ခင်းပြီးရောင်းချနေသည်။ အမေ ဈေးမရောင်းပါနဲ့တော့ဟု ကျွန်တော်တားနေသော်လည်း အမေလက်မခံသော အခါ ကျွန်တော်လစာရလာတော့ အမေ့ကို ပေးလေသည်။ ထိုအခါ အမေက((သားပိုက်ဆံ သားပဲသိမ်းထားပါ သားရယ် ။အမေ့မှာ ပိုက်ဆံ လုံလုံလောက်လောက် ရှိပါတယ်))

၆။(အမေ့၏ဆဋ္ဌမ ဂရုဏာမုသားပင်)



ကျွန်တော်အလုပ်တစ်ဖက်ဖြင့် မာစတာဘွဲ့ရအောင် ကြိုးစားခဲ့သည်။ထိုအခါ ကျွန်တော့် လစာလည်းမြင့်လာ ခဲ့ပြီး ဂျာမန် ကုမ္ပဏီ တစ်ခုမှ ဂျာမန် တွင် အလုပ်လုပ်ရန် ခန့်အပ်ခဲ့သည်။

အတိုင်းမသိ ၀မ်းသာမိသည်။ကျွန်တော့်အိပ်မက် တွေတဖြည်းဖြည်း ရုပ်လုံးပေါ်လာနေပြီးဖြစ်သည်။ ဂျာမန်တွင် အခြေကျသည်နှင့်တပြိုင်နက် အမေ့ကို အတူလာနေရန် ကျွန်တော်လှမ််းခေါ်ပါတော့သည်။ကျွန်တော် ၀န်ပိမည် စိုးသဖြင့် အမေက ((သားရယ် အမေက စည်းဇိမ်နဲ့နေလို့မတတ်ဘူး))

၇။(အမေ့၏ သတ္တမ ဂရုဏာမုသားပင်)

အမေ အသက်အရွယ်အိုမင်းလာတော့ ကြောက်မက်ဖွယ်ရာ ကင်ဆာ ရောဂါ ေ၀ဒနာ ခံစားလာရသည်။ ဒီအချိန် တွင် အမေ့ကို အနီးကပ်ပြုစုရန် လိုအပ်နေပြီးဖြစ်သည်။ကျွန်တော်ချစ်သော အမေနှင့် ကျွန်တော်ရေမြေ ခြားလို့နေသည်။ကျွန်တော်အရာ အားလုံးကိုထားခဲ့ပြီး အမေရှိရာ အမေ့အိမ်သို့ပြေးလာပါတော့သည်။

ခွဲစိတ်ကုသမှု ခံယူပြီး အိပ်ယာတွင် ပက်လက်မျောနေသော အမေ ၊အမေ ကျွန်တော့်ကို မြင်သည်နှင့် အားတင်းပြီး ပြုံးပြလေသည်။ကျွန်တော့် ရင်ထဲမှာဆို့နင့်လို့နေသည်။အမေ ပိန်ချုံးပြီး အားအင်ချိနှဲ့နေသည်ကို မြင်ပြီး ကျွန်တော် အသည်း နှလုံးတွေ မီးမြိုက်ခံရသည်နှယ် လောင်ကျွမ်းနေသည်။မမှတ်မိနိုင်လောက်အောင် အမေ့ရုပ်ရည် ကျဆင်းသွားသည်ကိုမြင်ပြီး မျက်ရည်တွေ ဒလဟော စီးဆင်းလာသည်။ သို့သော်လည်း အမေ အားတင်းပြီး နှစ်သိမ့်ပေးပြန်သည်(( အမေ့သား မငိုနဲ့သား မငိုပါနဲ့။

အမေ ဘာေ၀ဒနာမှ မခံစားရဘူးသား))

၈။(အမေ့၏ အဋ္ဌမ ဂရုဏာမုသားပင်)

နောက်ဆုံးအကြိမ် ထို စကားဆိုပြီး အမေမျက်လုံးမှိတ်သွားခဲ့လေပြီး။

ထာ၀ရ မှိတ်သွားခဲ့လေပြီး။

ကျမ်းတော်မြတ်ကုရ်အာန်

((မိခင် ဖခင် တို့အပေါ် အို့ ဟူ၍ပင် မပြောဆိုရ)

မြတ်တမန် ဤသို့မိန့်ခဲ့သည်

(မိဘတို့၏ နှစ်မြို့ မှု ထဲတွင် ဂရုဏာသခင် ဖန်ဆင်းရှင်၏ နှစ်မြို့မှု ရှိလေသည်။ မိဘတို့၏ အမျက်ထဲတွင် ဖန်ဆင်းရှင်၏ အမျက်ရှိလေသည်။)

မြတ်တမန် ဤသို့မိန့်ခဲ့သည်

(မိဘနှစ်ပါးအသက်ကြီးရင့်လာသည်ကို ကြုံကြိုက်ပါလျှက် အလုပ်အကျွေးပြုပြီး ဂျန္နသ် သုခဘုံ အရမယူနိုင်သူသည် အကြိမ်ကြိမ် အခါခါ အသုံးမကျ ကံဆိုးသူပင်)

မြတ်တမန်ဤသို့မိန့်ခဲ့သည်

(မိခင်၏ခြေရင်းတွင် သုခဘုံရှိလေသည်)ခြေဆုပ်လက်နှယ် အလုပ်အကျွေးပြု၍ ရယူကြလေကုန်)

အိုး သားသမီအပေါင်းတို့

(အသက်ရှင်သန်လျှက်ရှိနေသေးသော မိဘတို့၏ခြေအောက်တွင်ထိုင်ကြလေ။နမ်းရှုပ်ကြလေ။မိဘတို့၏ စိတ်အတွင်း၀ယ် ကြည်နူးပီတိဖြစ်လေအောင်စွမ်းဆာင်ပြီး မိဘတို့၏ကျေးဇူ့တရားကို အမြဲမပြတ် သတိရကြပါလေ)

(((သား အမေ့ကိုအရမ်းချစ်တယ် အမေ)))